မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်ထက်ပို၍ အလေး ထားဂရုစိုက်၊ မပျက်မကွက် အမြဲဆောင်ရွက်ခဲ့သော အခြားနဖိလ်ဆွလာသ်မရှိခဲ့ပါ။" صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်အရင် စွန္နသ်နှစ်ရကအသ် ထက်ပို၍ အလေးထားဂရုစိုက်၊ မပျက်မကွက် အမြဲအလေးထား ဆောင်ရွက်ခဲ့သည့် နဖိလ်ဆွလာသ်မရှိကြောင်း မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်တင်ပြခဲ့သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • နဖိလ်‌ဆွလာသ်ဆိုသည်မှာ ဖရဿ်ွဆွလာသ်များမှလွဲ၍ အပို ဝတ်ပြုရသော ကောင်းမှုကုသိုလ်များဖြစ်သည်။ ဤနေရာတွင် ဆိုလိုသည်မှာ ဖရဿ်ွဆွလာသ်များနှင့်အတူ ဝတ်ပြုရသော စုနန်ရာဝါသိဗ်( ပုံမှန် ဝတ်ပြုရသော စွန္နသ်ဆွလာသ်) များဖြစ်သည်။
  • စုနန်ရဝါသိဗ်( ပုံမှန်ဝတ်ပြုရသော စွန္နသ်ဆွလာသ်များမှာ )- · ဖဂျရ် ဖရဿ်ွအရင် ၂ ရကအသ် · ဇုဟုရ် ဖရဿ်ွအရင် ၄ ရကအသ် နှင့် ပြီးနောက် ၂ ရကအသ် · မဂ်ရိဗ် ဖရဿ်ွပြီးနောက် ၂ ရကအသ် · အီရှာ ဖရဿ်ွပြီးနောက် ၂ ရကအသ် တို့ဖြစ်သည်။
  • ဖဂျရ်စွန္နသ်နှစ်ရကအသ်ကို မိမိအရပ်ဒေသ၌ရော ခရီးထွက်နေစဉ်တွင်ပါ ဝတ်ပြုရမည်။ သို့ရာတွင် ဇုဟုရ်၊ မဂ်ရိဗ် နှင့် အီရှာတို့၏ စွန္နသ်ဆွလာသ်များကိုမူ ခရီးထွက်နေစဉ်တွင် မဝတ်ပြုရပါ။
  • ဖဂျရ်စွန္နသ်နှစ်ရကအသ်သည် စွန္နသ်မုအက္ကဒဟ်( အလွန်အလေးနက်ထားတိုက်တွန်းထားသော စွန္နသ်) ဖြစ်သဖြင့် ယင်းစွန္နသ်နှစ်ရကအသ်ကို လျစ်လျူရှုခြင်း မပြုသင့်ပေ။
explain-icon

အမျိုးအစားများ

explain-icon

ထပ်၍