အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (အောက်ပါ) နဖိလ်ဆွလာသ်နှစ်ခုကို အမြဲတစေ မိမိအိမ်တွင် ဝတ်ပြုလေ့ရှိပြီး မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့မှာ - ဇုဟုရ်ဖရဿ်ွမတိုင်မီ စလာမ်နှစ်ကြိမ်ဖြင့် လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ နှစ်ရကအသ်တို့ ဖြစ်သည်။