တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- အကယ်၍ ဗန္ဒဟ်ကျေးကျွန်တစ်ဦးသည် ကွယ်လွန်သေဆုံးသွားပါက ထိုသူအား နံနက်နှင့်ညနေတိုင်း သူ၏ (ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ငရဲ) ၌ သီးသန့် ဧည့်ခံခြင်းခံရမည့်နေရာကို ပြသခြင်းခံရသည်။ အကယ်၍ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်လျှင် ဂျန္နသ်သုခဘုံရှိ သူ၏နေရာ၊ ငရဲသားများထဲမှဖြစ်လျှင် ငရဲရှိ သူ၏နေရာတို့ကို ပြသခြင်းခံရပြီး ဤသို့ ပြောဆိုခြင်းခံရမည်။ ဤသည်ကား ကိယာမသ်ရှင်ပြန်ထမြောက်ရာနေ့တွင် သင်ပြန်လည်ရှင်ပြထရမည့် သင်၏နေရာဖြစ်သည်။ ထိုနေ့တွင် မုအ်မင်န်သက်ဝင်ယုံကည်သူအား ချမ်းသာသုခပေးခြင်းနှင့် ကာဖိရ်အား ပြစ်ဒဏ်ပေးခြင်းတို့ ရှိမည်ဖြစ်သည်။