အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။" صحيح - رواه الترمذي
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) တို့နှစ်ဦးသည် နဗီတမန်တော်များပြီးနောက် အမြတ်ဆုံးသောလူသားများဖြစ်ပြီး နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များပြီးနောက် ဂျန္နသ်သို့ ဝင်ရောက်ရမည့်သူများအနက် အကောင်းဆုံးလူသားများ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) တို့သည် နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များပြီးနောက် အမြတ်ဆုံးလူသားများ ဖြစ်သည်။
  • ဂျန္နသ်တွင်လူလတ်ပိုင်း(လေးဆယ်ကျော်)အရွယ်ရှိသူ မည်သူမျှ ရှိမည်မဟုတ်။ ဂျန္နသ်သို့ဝင်ရောက်မည့်သူတိုင်း၏ အသက်သည် ၃၃ နှစ် ဖြစ်လိမ့်မည်။ ဤဟဒီးစ်တော်၏ ဆိုလိုရင်းမှာ ၎င်းတို့နှစ်ဦး (အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) )သည် ဤလောက၌ လူလတ်ပိုင်းအရွယ်တွင် ကွယ်လွန်ခဲ့သူအားလုံး၏ ခေါင်းဆောင်များ ဖြစ်လိမ့်မည်။ သို့မဟုတ် ဤဟဒီးစ်တော်ကို မိန့်ကြားစဉ်က ဒွန်ယာလောကရှိလူများ၏ အသက်အရွယ်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
explain-icon

ထပ်၍