ဟိရှာမ်ဗင်န်ဟကီးမ်ဗင်န်ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား) ဒေသရှိ အာရပ်မဟုတ်သောတောင်သူလယ်သမားအချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ ထိုအခါသူက ၎င်းတို့ရဲ့အခြေအနေနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။ ထိုအခါ သူ့အား ၎င်းတို့သည် တတ်စွမ်းနိုင်ပါလျက် ဂျိဇ်ယဟ်( အခွန်ကြေး ) မပေးဆောင်ခြင်းကြောင့် ထိုသို့ပြုမူခြင်းခံရကြောင်း အသိပေးခဲ့သည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညှင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။