အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်သည့်သွားရှိသော သားရဲတရိစ္ဆာန်များ အားလုံးကိုလည်းကောင်း၊ ခြေသည်းချွန်ရှိသော ငှက်များ အားလုံးကိုလည်းကောင်း (စားသုံးခြင်း) မှ ပိတ်ပင်တားမြစ်တော်မူခဲ့သည်။ صحيح - رواه مسلم