တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြား တော်မူခဲ့သည်မှာ - မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် ညီနောင်တစ်ဦးအတွက် ထိုသူ၏ မျက်ကွယ်၌ ပြုလုပ် ပေးသော ဒိုအာသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ လက်ခံတော်မူခြင်းခံရသည်။ အဘယ် ကြောင့်ဆိုသော် ၎င်းသည် အိခ်လားစ်အားဖြင့်အလွန်ပြည့်စုံသောကြောင့်ဖြစ်သည်။ ထို့ပြင် ဒုအာပြုလုပ်ပေးသူ၏ ခေါင်းပေါ်တွင် တာဝန်ပေးအပ်ထားသော မလာအိကဟ်တစ်ပါး ရှိနေပြီး၊ ၎င်းသည် မိမိ၏ညီနောင်အတွက် ကောင်းသည့် ဒိုအာပြုလုပ်သည့်အခါတိုင်း ထိုမလာအိကဟ်က “အာမီးန်” ဟု ပြောဆိုကာ “သင့်အတွက်လည်း အသင်တောင်းခဲ့သလို အလားတူပင် ဖြစ်ပါစေ” ဟု ဒုအာပြုပေးလေသည်။