တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အကြင်သူသည် မည်သည့် နဖ်လ်ဆွလာသ်ကိုမျှ ဝတ်ပြုခြင်းမရှိဘဲ ဖရ်ဿွ်ဆွလာသ်ငါးကြိမ်ကိုသာ ဆောက်တည်မည်။ မည်သည့် နဖ်လ်ဆွိယာမ်ဥပုသ်ကိုမျှ မစောင့်ထိန်းဘဲ ရမဿွာန်လမြတ်၏ ဆွိယာမ်ဥပုသ်ကိုသာ စောင့်ထိန်းမည်။ ဟလာလ်ဟု သတ်မှတ်ထားသောအရာကို ဟလာလ်ဟုယုံကြည်လက်ခံပြီး လိုက်နာကျင့်သုံးမည်။ ဟရာမ်ဟု သတ်မှတ်ထားသောအရာကို ဟရာမ်ဟု ယုံကြည်လက်ခံပြီး ရှောင်ကြဉ်မည်ဆိုပါက ထိုသူသည် မုချဂျန္နသ်သို့ဝင်ရမည်ဖြစ်သည်။