မုအ်မင်န်တို့၏ ခေါင်းဆောင် အဘူဘကရ် စွစ်ဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု)က ဟိဂျ်ရသ်ပြုချိန်၌ ပြော ကြားခဲ့သည်မှာ- ကျွန်ုပ်သည် မုရှ်ရိက်များ၏ခြေထောက်များကို မြင်တွေ့ခဲ့ရသည်။ သူတို့သည် ဆောင်ရ်လိုဏ်ဂူ၏အပေါ်တွင် ကျွန်ုပ်တို့၏ခေါင်းများအပေါ်၌ ရပ်လျှက်ရှိနေကြပြီး ကျွန်ုပ်တို့သည် လိုဏ်ဂူအတွင်း၌ ရှိနေကြသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်ုပ်တို့အား သူတို့၏ခြေရင်း၌ တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က "အို- အဘူဘကရ်၊ အလ္လာဟ်အရှင်မြတ်သည် တတိယမြောက်အဖြစ်ရှိတော်မူပြီးအောင်နိုင်မှု၊ ကူညီစောင်မမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် လမ်းညွှန်တည့်မှတ်ပေးသနားတော်မူမည်ဖြစ်သော ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။