တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ - မည်သူမဆို အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ကိုယ်တော်မြတ်အပေါ် စလာမ်ပို့သလျှင် ထိုသူ့အား စလာမ်ပြန်လည် ဖြေကြားနိုင်ရန် ကိုယ်တော်၏ဝိညာဉ်ကို (အလ္လာဟ်အရှင်မြတ်က) ပြန်လည်ပေးတော်မူသည်ဟု မိန့်ကြားခဲ့သည်။ သို့ရာတွင် သိနားလည်ထားရမည့် အချက် မှာ - ဗရ် ဇခ်လောက (သေပြီးနောက်ရှိသော ကြားကာလဘဝ) နှင့် ကဗရ်သင်္ချိုင်းများအတွင်း ရှိသောအရာများသည် အကွယ်မှကိစ္စရပ်များဖြစ်ပြီး၊ ယင်းတို့၏ အမှန်တကယ်အခြေအနေကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။