တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုခြင်း၏ အကြီးမြတ်ဆုံးနှင့် အကျိုးအများဆုံးသော အမျိုးအစားမှာ မတရားသော အုပ်စိုးသူအား တရားမျှတမှုနှင့် အမှန်တရားအတွက် ပြောဆိုခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းသောအမှုမှ တားမြစ်ခြင်း၏ ကြီးကျယ်သည့် အထိမ်းအမှတ် (လုပ်ရပ်)ကို လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် အကျိုး ကျေးဇူးရရှိနိုင်ကာ မကောင်းမှုဒဏ်(ဆုပ်ယုတ်ပျက်စီးခြင်း)မှ ကာကွယ်လွတ်မြောက်နိုင်သည်။