တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) ၏တောင်းဆုဒုအာများအနက်တစ်ပုဒ်မှာ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ခိုလှုံပါ၏" (တစ်နည်း) အရှင်မြတ်ဘက်သို့ လှည့်ပါ၏၊ "မစွမ်းဆောင်နိုင်ခြင်းမှ" အကျိုးရှိသောနည်းလမ်းရှာဖွေနိုင်သည့် စွမ်းအား မရှိခြင်းမှ "ပျင်းရိခြင်းမှ" လုပ်ဆောင်လိုစိတ်မရှိခြင်းမှ မတတ်စွမ်းနိုင်သူသည် နည်းလမ်းရှာတတ်သူ မဖြစ်နိုင်ပါ။ ပျင်းရိသူမှာမူ ယင်းကိုလိုလားခြင်း မရှိပေ။ "သူရဲဘောကြောင်ခြင်းမှ" လုပ်သင့်သည့်အရာကိုရဲဝံ့စွာ မလုပ်ဆောင်နိုင်ခြင်းမှ "စေးနှဲတွန့်တိုခြင်းမှ" ပေးကမ်းသင့်သည်ကိုပိတ်ပင်ခြင်းမှ "အိုမင်းရင့်ရော်ခြင်းမှ" ကိုယ်ခန္ဓာအားနည်းစေသည့် အသက်အရွယ်ကြီးရင့်ခြင်းမှ "ကဗရ်၏အဇားဗ်ပြစ်ဒဏ်မှ" ထိုပြစ်ဒဏ်ကို ဖြစ်စေသည့် အကြောင်းရင်းများမှ။ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ နဖ်စ် (စိတ်နှလုံးသား) ကို ပေးသနားတော်မူပါ" ၎င်းအား ချီးမြှင့်ပေးသနားတော်မူပါ၊ စွမ်းအားပေးတော်မူပါ။ "၎င်း၏ သက္ကဝါတရားအား (အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း) အတွက်" ဆိုလိုသည်မှာကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့် အပြစ်မှ ရှောင်ကြဉ်ခြင်းအတွက်၊ "ထို့နောက် ၎င်းကို စင်ကြယ်စေတော်မူပါ" ယုတ်ညံ့သောအကျင့်စရိုက်များမှ သန့်ရှင်းစေတော်မူပါ၊ "အရှင်မြတ်သည် ထိုစိတ်နှလုံးသားကို အကောင်းဆုံးစင်ကြယ်စေတော်မူသော အရှင်ဖြစ်သည်။ အရှင်မြတ်မှလွဲ၍ ထိုစိတ်နှလုံးသားကို စင်ကြယ်စေနိုင်သူဟူ၍ အခြားမရှိပါ၊ "အရှင်မြတ်သည် ထိုစိတ်နှလုံးသား၏ အကူအညီပေးသူ ဖြစ်တော်မူ၏" ယင်းအား ကူညီသူနှင့် ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တော်မူသည်။ " ထိုစိတ်နှလုံးသား၏ အရှင်သခင်ဖြစ်တော်မူ၏" ယင်းစိတ်နှလုံးသား၏ ကိစ္စရပ်များကို စီမံခန့်ခွဲသူ၊ ဖန်ဆင်းသူ ၊ စိုးပိုင်သူ နှင့် ကျေးဇူးပြုတော်မူသူဖြစ်၏။ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အကျိုးမပြုသော ပညာမှ အရှင်မြတ်ထံ ခိုလှုံပါ၏" ဥပမာ- နက္ခဗေဒပညာ၊ ဗေဒင်ဟောခြင်းနှင့် မှော်ပယောဂပညာကဲ့သို့သော ပညာများမှ သို့မဟုတ် တမလွန်ဘဝတွင် အကျိုးမပြုသော ပညာမှ၊ သို့မဟုတ် လက်တွေ့ကျင့်သုံးခြင်းမရှိသော ပညာမျိုးမှ (အရှင်မြတ်ထံ ခိုလှုံပါ၏။) " (အရှင်မြတ်အား) ကြောက်ရွံ့မှုမရှိသော စိတ်နှလုံးမှ" ခယရိုကျိုးမှုမရှိခြင်း၊ မငြိမ်းချမ်းခြင်း၊ အရှင်မြတ်၏ဇိကိရ် (သတိရတသခြင်း)ဖြင့် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့မှ (အရှင်မြတ်ထံ ခိုလှုံပါ၏။) "မည်သည့်အခါမျှ မဝသော စိတ်နှလုံးသားမှ (အလိုဆန္ဒမပြည့်ဝခြင်းမှ)" အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသော ဟလာလ်သန့်ရှင်းစင်ကြယ်သော ရိက္ခာကို ကျေနပ်မှုမရှိသော စိတ်နှလုံးသားမှ၊ " လက်ခံခြင်းမခံရသော ဆုတောင်းဒုအာမှ"။