နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား သေဆုံးသူ (ဖခင်၊သားချင်းများ၊ သားများ သို့မဟုတ် အခြားဆွေမျိုးများ)အတွက် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အမွှေးနံ့သာသုံးခြင်း၊ မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ လက်ဝတ်လက်စား ဝတ်ဆင်ခြင်း၊ လှပ သော အဝတ်အစားများ ဝတ်ဆင်ခြင်း စသော အလှအပဆိုင်ရာ အရာများကို သုံးရက်ထက်ပို၍ မစွန့်လွှတ်၍ တားမြစ်တော်မူထားသည်။ သို့ရာတွင် ခင်ပွန်းသည် ကွယ်လွန်ပါက လေးလဆယ်ရက်တိုင်တိုင် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အလှအပ ပြင်ဆင်ခြယ်သခြင်းမပြုဘဲ နေရမည်။ခင်ပွန်းအတွက် ဝမ်းနည်းပူဆွေးမှူကို ထုတ်ဖော်သည့် ထိုကာလအတွင်း သူမအနေဖြင့် အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် ဝတ်ဆင်လေ့ရှိသော အရောင်ဆိုးထားသည့် အဝတ်အစားများကို မဝတ်ရပါ။ သို့ရာတွင် အိစ်ဗ် (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် အလှအပအတွက် မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ အမွှေးနံ့သာ သို့မဟုတ် ရေမွှေးများ သုံးစွဲခြင်းမပြုရပေ။ သို့ရာတွင် ရာသီသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ရေချိုးရာတွင် (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။ ထိုအရာနှစ်မျိုးသည် လူသိများသော နံ့သာနှစ်မျိုးဖြစ်သော်လည်း အမွှေးအကြိုင်အတွက် ရည်ရွယ် ချက်ဖြင့်သုံးစွဲသော နံ့သာများမဟုတ်ပါ။ ရာသီသွေးဆင်းခြင်းမှ ရေချိုးသန့်စင်ပြီးသော အမျိုးသမီးအား မကောင်းသောအနံ့ကို ဖယ်ရှားရန်အတွက် ခွင့်ပြုထားခြင်းဖြစ်သည်။ ၎င်းကိုမိန်းမကိုယ်ရှိ သွေးအကြွင်းအကျန်အတွက် သုံးရန် ဖြစ်ပြီး မွှေးကြိုင်ရန်အတွက်သုံးစွဲခြင်း မဟုတ်ပါ။