အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်သည် မတရားပြုသည့်ညီနောင် သို့မဟုတ် မတရားပြုခံရသည့်ညီနောင်ကို ကူညီပါ။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မတရားပြုခံရသည့်ညီနောင်ကို ကျွန်တော်ကူညီပါမည်။ မတရားပြုသည့်ညီနောင်ကို ကျွန်တော်မည်သို့ကူညီရမည်နည်း။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ၎င်းအားမတရားမှုမှ တားဆီးပါ။ ဤသည်ပင် ၎င်းအားကူညီခြင်းဖြစ်သည်။ صحيح - رواه البخاري
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တစ်ဦးအား မိမိ၏အခြားမွတ်စ်လင်မ်ညီနောင်ကို မတရားသူဖြစ်စေ၊ မတရားခံရသူဖြစ်စေ ကူညီရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုအခါ အမျိုးသားတစ်ဦးက- အို- အလ္လာဟ်၏ ရစူလ်တမန်တော်၊ သူသည် မတရားခံရသူဖြစ်ပါက သူ့ထံမှမတရားမှုကို ကာကွယ်ဖယ်ရှားဖြင့် ကူညီရမည်ကို (နားလည်ပါသည်။) သို့သော် သူသည် မတရားသူ ဖြစ်နေပါက ကျွန်တော်မျိုးသူ့အား မည်သို့ကူညီရမည်နည်း" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အဖြေပေးတော်မူခဲ့သည်မှာ- "သင်သည် သူ့အား တားမြစ်ခြင်း၊ သူ၏လက်နှစ်ဖက်ကို ချုပ်ကိုင်ခြင်း၊ သူ့အား ထိန်းသိမ်းခြင်းနှင့် မတရားမှုကို ကျူးလွန်ခြင်းမှ သူ့အားတားဆီးခြင်းတို့ဖြင့် ကူညီရမည်။ ဤသို့ပြုလုပ်ခြင်းသည် သူ့အား ရှိုင်တွာန်နှင့် မကောင်းမှုသို့ တွန်းအားပေးသော သူ၏ကိုယ်တွင်းစိတ်ဆန္ဒ (နဖ်စ်)အပေါ် အောင်နိုင်စေခြင်းပင် ဖြစ်၏။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • မွတ်စ်လင်မ်များအကြား အီမာန်ယုံကြည်ခြင်းအရ ညီ‌နောင်တော်စပ်ရခြင်း၏ အခွင့်အရေးများအနက် အခွင့်အရေးတစ်ရပ်အပေါ် သတိပေးထားခြင်း။
  • မတရားသူ၏လက်ကို ချုပ်ကိုင်ခြင်း၊ သူ့အား မတရားမှုမှ တားဆီးခြင်း။
  • အစ္စလာမ်သည် ဂျာဟိလိယသ်အမှောင်ခေတ်၏ အယူအဆများကို ဆန့်ကျင်ခြင်း။ အကြောင်းမှာ ထိုခေတ်က လူများသည် မိမိတို့အသိုင်းအဝိုင်း၏ မည်သူမဆို မတရားခံရသူဖြစ်စေ၊ အခြားသူများကို မတရားကျူးလွန်သူများဖြစ်စေ ကူညီခဲ့ကြသည်။