အနတ်စ်(ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဒုလ်အဿ်ွဟာ(ကုရ်ဗာနီ) နေ့တွင် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသောသိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ်တွင် တင်ထားတော်မူခဲ့သည်။