"နဗီတမန်တော်မြတ်၏ ဇနီးကြင်ယာတော် မုအ်မင်န်တို့၏ မိခင်ကြီး အွမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို ကုရ်ဗာနီအတွက်ဇဗဟ်ပြုလုပ်ရန် ရည်ရွယ်ထားသော သားကောင်ရှိခဲ့လျှင် ဇိလ်ဟိဂျ်လ ဆန်းသည်နှင့်တစ်ပြိုင်နက် မိမိ၏ ဆံပင်မှလည်းကောင်း၊ မိမိ၏ လက်သည်း ခြေသည်းမှလည်း ကောင်း မည်သည့်အရာကိုမျှ ကုရ်ဗာနီ မပြုလုပ်မီအထိ မဖြတ်တောက်ရ။" صحيح - رواه مسلم