တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်ကျွန်တော်တို့အပေါ်၌ ‘ဝါဂျိဗ်’တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသည်။ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် ခဝပ်ကိုးကွယ်ခြင်း၊ ကောင်းမှုပြုခြင်း၊ အဖန်ဆင်းခံများ၏ ဒုက္ခကို တားဆီးပေးခြင်းစသည်တို့ကိုဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်သည် မိမိကိုမြင်တွေ့နေတော်မူသည်ဟူသည့် အသိအမြဲရှိနေခြင်းဖြစ်သည်။ ထိုသို့ ကောင်းမွန်စွာကျင့်မူခြင်း၌ သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ခြင်း၊ ကောင်းမွန်စွာ(ဇဗဟ်)လှီးဖြတ်ခြင်းတို့လည်းပါဝင်သည်။ ‘ကိဆွာဆ်ွ’ လူသတ်မှု ကျူးလွန်သည့်အတွက် ဥပဒေအရ သေဒဏ်စီရင်ခြင်းကို အကောင်အထည်ရာ၌ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် စီရင်ခံရသူအား လွယ်ကူ၊ ညင်သာပြီး အမြန်ဆုံးသေဆုံးနိုင်မည့်နည်းလမ်းကို ရွေးချယ်ခြင်းဖြစ်သည်။ ‘ဇဗဟ်’လှီးဖြတ်သည့်အခါ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် လှီးဖြတ်မည့်ဓားကို ထက်အောင်သွေးခြင်းဖြင့် သားကောင်အပါ် ညင်သာမှုရှိခြင်းဖြစ်သည်။ လှီးဖြတ်မည့် တိရစ္ဆာန်၏ရှေ့တွင် ဓားမသွေးရပါ။ တိရစ္ဆာန်တစ်ကောင်၏ရှေ့တွင် အခြားတိရစ္ဆာန်တစ်ကောင်ကို မလှီးဖြတ်ရပါ။