ကိုင်စ်ဗင်န်အာဆွိမ်သည် အစ္စလာမ်သာသနာကိုလက်ခံရန် ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်လာခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား ရေနှင့် ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆီးရွက်သည် ရနံ့ကောင်းသည့်အတွက် သန့်ရှင်းစင်ကြယ်မှုပြုရာတွင် သုံးစွဲသော အရွက်ဖြစ်သည်။