တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား တိရစ္ဆာန်များနှင့် သားရဲတိရစ္ဆာန်များ လာရောက်သောက်သုံးလေ့ရှိသော ရေ၏ သန့်ရှင်းစင်ကြယ်မှုနှင့် ပတ်သတ်၍ မည်သို့ အမိန့်ရှိသည်ကိုလျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- အကယ်၍ ရေပမာဏသည် 'ကုလ်လသိုင်းန်' (ခွက်ကြီးနှစ်လုံး) စာ၊ (ခန့်မှန်းခြေအားဖြင့် ) လီတာ ၂၁၀ ခန့်ရှိပါက၊ ထိုရေသည် ပမာဏများပြားသော ရေဖြစ်သဖြင့် အညစ်အကြေး တစ်စုံတစ်ရာကြောင့် ၎င်း၏ သွင်ပြင် လက္ခဏာသုံးရပ် (အရောင်၊ အရသာ နှင့် အနံ့) တွင် တစ်ခုခု ပြောင်းလဲမှုမရှိသမျှ ကာလပတ်လုံး မသန့်မဖြစ်ပေ။