တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ စတင်ဝင်ရောက်ခြင်းနှင့် ကုန်ဆုံးခြင်း၏ အမှတ်အသားလက္ခဏာ ကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အသင်တို့သည် ရမဿွာန်လရဲ့ ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ အကယ်၍ အသင်တို့အပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရှအ်ဗာန်လကို ရက်ပေါင်း သုံးဆယ် ပြည့်အောင်ရေတွက်ကြလေကုန်။ ထို့နောက် အသင်တို့သည် ရှောင်ဝါလ်လရဲ့ ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်လကို ရက်ပေါင်း သုံးဆယ် ပြည့်အောင်ရေတွက်ကြလေကုန်။