တမန်တော်မြတ် ﷺ က ဤဟဒီးစ်တော်တွင် မိခင်ဘက်မှတော်စပ်သည့်ဦးလေး၊ ဖခင်ဘက်မှတော်စပ်သည့် ဦးလေး သို့မဟုတ် ညီအစ်ကိုမောင်နှမတို့နှင့် သွေးသားတော်စပ်မှုကြောင့်( နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်သလို၊ နို့စို့ခြင်းကြောင့် ( တော်စပ်သည့် နို့စို့ဘက် ညီအစ်ကိုမောင်နှမများနှင့်လည်း နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ထို့ပြင် နို့စို့ခြင်းသည် မွေးဖွားခြင်းကဲ့သို့ပင် အခြားသောအမိန့်ပညတ်ချက်များကိုလည်း ခွင့်ပြုထားသည်။