သာဝကာကြီး စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အစ္စလာမ်ဘာသာ၏ အဓိပ္ပါယ်များအားလုံး ခြုံငုံပါဝင်သည့် စကားတစ်ရပ်ကိုသင်ကြားပေးရန် လျှောက်ထားခဲ့သည်။ သူသည် ထိုစကားအား စွဲမြဲစွာ နာယူကျင့်သုံးသွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အခြားမည်သူကိုမျှ မေးမြန်းတော့မည် မဟုတ်ပါ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ- သင်အနေဖြင့် အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်၏ ကိုးကွယ်ရာအရှင်၊ ကျွန်ုပ်အား ဖန်ဆင်းတော်မူသောအရှင်၊ ဖက်စပ်ယှဉ်တွဲသူမရှိဘဲ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော ကျွန်ုပ်၏အရှင်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်ဝင်ယုံကြည်ပါသည်ဟု ဝန်ခံပြောကြားပါ။ ထို့နောက် အရှင်မြတ်သတ်မှတ်ထားသည့် ဖရ်ဿ်ွ မလုပ်မနေရ တာဝန်များကိုကျေပွန်ပြီး အရှင်မြတ် တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ကာ ထိုအပေါ်စွဲမြဲစွာရပ်တည်ပါ။