အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်အမှန်၊ အသင်တို့၏အမည်နာမများအနက် အလ္လာဟ်အရှင်မြတ်ထံတော်၌ အနှစ်သက်ဆုံးအမည်နာမများမှာ အဗ်ဒုလ္လာဟ် (အလ္လာဟ်အရှင်မြတ်၏ကျွန်) နှင့် အဗ်ဒုရ်ရဟ်မာန် (အလွန်သနားကြင်နာတော်မူသောအရှင်၏ ကျွန်) တို့ဖြစ်သည်။" صحيح - رواه مسلم