တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုကို ရှင်းလင်းတင်ပြ၍ မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်။ ထို့ပြင် ထိုအပြုအမူသည် ကြီးလေးသော အပြစ်အကုသိုလ်များထဲမှ တစ်ခုဖြစ်သည်။