တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူနှင့်ကျိန်ဆိုခြင်းကို တားမြစ်တော်မူခဲ့သည်။ မုအ်မင်န်သည်အလ္လာဟ်အရှင်မြတ်မှအပအခြားမည်သည့်အရာနှင့်မျှကျိန်ဆိုလေ့မရှိပေ။ ၎င်းနောက် ကိုယ်တော်မြတ်က အသိပေးမိန့်ကြားထားသည်မှာ အစ္စလာမ်မပြန့်ပွါးမီအလျင်က ကိုးကွယ်ခြင်းခံကြရသည့် ရုပ်တုနှစ်ခုဖြစ်သော လာသ်နှင့်အုဇ်ဇာကို ကျိန်ဆိုပါသည်ဟု ပြောသကဲ့သို့ အလ္လာဟ်အရှင်မြတ်မှအပ အခြားသူနှင့်ကျိန်ဆိုသူသည် မိမိကိုယ်မိမိအမှားပြင်သည့်ပုံစံဖြင့်လည်းကောင်း၊ ရှိရ်က် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းမှကင်းရှင်းကြောင်း ဖော်ပြသည့်အနေဖြင့်လည်းကောင်း၊ မိမိ၏ကျိန်ဆိုချက်ကို အာပတ်ဖြေသည့်အနေဖြင့်လည်းကောင်း လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ လောင်းကစားရအောင်ဟု ဖိတ်ခေါ်သောသူသည် မိမိ၏ဖိတ်ခေါ်ခဲ့မှုကို အာပတ်ဖြေသည့်အနေဖြင့် ဆွဒ်ကဟ်အလှူဒါနပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အလောင်းကစားဟူသည် လူနှစ်ယောက်သို့မဟုတ် နှစ်ယောက်ထက်အများက ကိစ္စရပ်တစ်ခုတွင်ယှဉ်ပြိုင်ရာတွင် နိုင်သောသူက မိမိတို့အခြင်းခြင်း၌သတ်မှတ်ထားသော ငွေကြေး၊ ဥစ္စာပစ္စည်းတစ်စုံတစ်ရာကို ရရှိပေမည်။ သူတို့ထဲမှ တစ်ဦးဦးသည် နိုင်မည် သို့မဟုတ် ရှုံးမည်ဖြစ်သည်။