တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းသည် မိမိဇနီးမိန်းမ၏ အနောက်ဘက်(စအို) တွင် ကာမဆက်ဆံခြင်းကို သတိပေးတားမြစ်တော်မူသည်။ စင်စစ် ဤသို့ပြုလုပ်သူသည် လအ်နသ်ကျိန်စာသင့်ခံရသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ နှင်ထုတ်ဖယ်ရှားခံရသူပင်ဖြစ် သည်။ ထိုသို့ပြု လုပ်ခြင်းသည် ကြီးလေးသော အပြစ်တစ်ခု ဖြစ်သည်။